Blog မှာစာစုများပြန်လည်ရေးမည့်အကြောင်း
အင်တာနက်လိုင်းတွေတယ်လီဖုန်းမှာစတင်အသုံးပြုနိုင်ကထည်းက၊ဘလော့ရေးတာကို စပြီးစမ်း ကြည့်ခဲ့တာ စာစု ၇ခုလောက်လားပဲရှိခဲ့တယ်။နောက်ပိုင်း FBပဲအားသန်သလိုဖြစ်ပြီးပို့စ်အတော် များများတင်ဖြစ်ခဲ့တယ်။ဒါပေမယ့်အဟောင်းတွေပြန်ကြည့်ချင်တဲ့အခါ အဲ့ဒီFB ကသိတ်မလွယ်ဘူး။Blog မှာကစာစုများချည့်မို့ပြန်ရှာရတာလွယ်တယ်။တစုတစည်းတည်းလည်းဖြစ်တယ်။ဒါကြောင့် စာစုရေးစရာရှိရင် Blog နဲ့ပဲတင်ဖို့သဘောရမိတယ်။ပြီးမှ FB မှာပြန် Share မယ်လေ။FB မှာတင်ထားပြီးပို့စ်များထဲက ရေရှည်သိမ်းထားချင်တဲ့ posts များကိုလည်း Blog မှာပြန်တင်အုံးမယ်စိတ်ကူးတယ်။ကိုယ်ရေးထားတဲ့စာစုကလေးတွေ အမှတ်တရ ရှိချင် စုထားချင်တာ ကြောင့်ပါ။အလုပ်မရှိအလုပ်ရှာအချိန်ဖြုန်းတာလို့လည်းဆိုနိုင်မယ်ထင်ပါရဲ့။ခက်တာက အရင်Blog စာစုများက ပြည်ထောင်စုဖောင့်မဟုတ်တော့ လုံးဝဖတ်မရတော့ဘူး။အဲ့အဟောင်းတွေကိုဝမ်းနည်းစွာနဲ့ Delete လုပ်ပစ်ရလိမ့်မယ်။အခြားနေရာတခုခုမှာရှိသေးရင်လည်း ပြန်ဖတ်လို့မရနိုင်တော့ဘူးရယ်။လက်ရေးစာမူရှိသေးရင်တော့ Blog မှာအသစ်ထပ်ရိုက်တင်ဖို့ကြိုးစားချင် သေးတယ်။သိတ်အရေးပါလှတယ်မဟုတ်ပေမယ့်၊ကိုယ်ရေးထားတာလေးတွေတစုတစည်းကျန်ခဲ့စေချင်တဲ့ ဆန္ဒလို့ပဲဆိုရမှာပေါ့။ အားလုံးသောမိတ် ဆွေများကိုကျေးဇူးတင်ပါတယ်။ အောင် နီ (ဩဂုတ် ၃၁၊၂၀၂၆ )

0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home